SP Flashtool အားအသုံးပြု ပြီး Flashtool Firmware ထဲမှာပါတဲ့ nvram.bin ဖိုင်အားရေးသားနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်လိုက်ရအောင် Firmware ဖိုင်ထဲက scatter.txt ဖိုင်ကို Notepad ++ ဖြင့်ဖွင့်ပါ။ Notepad ++ ရဲ့အပေါ်ဘားက search ကိုသွားပါ။ Find ကိုနှိပ်ပါ။ Find what မှာ nvram လို့ရိုက်ပြီး Find next ကိုနှိပ်လိုက်ပါက NVRAM ရှိတဲ့နေရာကို ရှာပေးပါလိမ့်မယ်။ is download : false ဆိုတဲ့နေရာမှာ false ကို true လို့ပြင်ပြီး save ပေးပါ။ SP Flashtool ကနေ Firmware ရွေးထည့်ပြီး အမှန်ခြစ်တွေအကုန်ဖြုတ်ကာ NVRAM ဆိုတဲ့နေရာရဲ့ နေရာလွတ်တစ်ခုမှာ Click တစ်ချက်နှိပ်ပြီး ပြင်ထားတဲ့ nvram.bin ကိုရွေးထည့်ပါ။
The post SP Flashtool အားအသုံးပြု ပြီး nvram.bin ဖိုင်အားရေးနည်း appeared first on Myanmar Mobile App.