Mobile phone user တွေအနေနဲ့ ဖုန်းများတွင်ပါဝင်တဲ့ Store များကိုအသုံးပြုရန် account များဖွင့်ပြီးအသုံးပြုကြတဲ့အခါမှာ ခုနောက်ပိုင်းတော်တော်များများကြုံတွေ့နေရတာလေးကို သတိပြုနိုင်ရန် ရေးသားလိုက်ပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ Xiaomi တို့ Flyme တို့လိုဖုန်းတွေမှာ Mi account , flyme account တို့ကိုဖွငိ့ပြီးသုံးကြတဲ့အခါမှာ အသုံးပြုရန် account ဖွင့်တာကတော့ လွယ်ကူတာကြောင့် လူတိုင်းအသုံးပြုနေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ error တစ်ခုခုတက်လာလို့ မိမိကိုယ်တိုင် Factory Reset ချလိုက်တာတို့ firmware ကျသွားလို့ ပြန်တင်တဲ့အခါတို့မှာ ဖုန်းကို activate ပြန်လုပ်ရင် ကိုယ်ဖွင့်ထားတဲ့ account နဲ့ password များကိုမေးတာလေးတွေ တော်တော်ကြုံတွေ့နေရပါတယ်။ ဒီအခါကျရင် မှတ်မိတဲ့သူတွေအတွက်တော့ အကြောင်းမဟုတ်ပေမဲ့ မမှတ်မိဘူးဆိုရင်တော့ ဒုက္ခရောက်ပါပြီ။ ဘာကြောင့်လည်းဆိုရင်တော့ ဒီအကောင့်တွေဟာတော်ရုံဖြည်ရန်မလွယ်ကူသလို service ပေးတဲ့ ဆိုင်တွေကလည်း လက်တလောမှာအနည်းငယ်သာရှိပါသေးတယ်။ အရင်တုန်းကတော့
The post ဖုန်းများတွင်ပါဝင်သော Store account များကိုအသုံးပြုခြင်းနှင့် ပတ်သတ်ပြီးသတိထားသင့်တာလေး appeared first on Myanmar Mobile App.