Apple မှ သူတို့အနေနဲ့ Apple Watch ကိုဖန်တီးပြီးနောက်ပိုင်းမှာ watch နဲ့ပတ်သတ်ပြီး ဘာမှပြောသံမကြားခဲ့ပါဘူး။ ခုတော့ AppleInsider မှပြောထားတဲ့သတင်းအရမှာတော့ Apple ဟာသူတို့ရဲ့ ဒုတိယမျိုးဆက်အဖြစ်ဖန်တီးမဲ့ Apple Watch အကြောင်းလေးနဲနဲထွက်ရှိလာပါတယ်။ ဒီ Apple Watch 2 မှာတော့ပုံစံ design ဟာပထမထွက်ရှိထားတဲ့ watch design နဲ့ဖန်တီးထား ပါတယ်။ ဒါပေမဲ့ခုတစ်ခေါက်မှာတော့ Apple Watch 2 ကို GPS နဲ့ လေဖိအားတိုင်းဆန်ဆာတို့ကို ထည့်သွင်းဖန်တီးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပထမ Apple watch ထက် battery ပိုင်းကိုလည်း ပိုမိုခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပါသေးတယ်။ Apple ဟာဒီစမတ်နာရီကို TSMC ကုမ္ပဏီရဲ့မြန်ဆန်လှတဲ့ 16nm processor နဲ့ဖန်တီးထုတ်လုပ်မှာဖြစ်ပြီး အရင်စမတ်နာရီထက် ပိုမိုပါးလွှာမှု့ရှိလာမှာဖြစ်ပါတယ်။
The post GPS ပါထည့်သွင်းထားတဲ့ Apple Wahct 2 ယခုနှစ်အတွင်း ထွက်လာဖွယ်ရှိ appeared first on Myanmar Mobile App.