တဖြည်းဖြည်းနဲ့ Smart phone လောကထဲမှာနံမည်ရလာတဲ့ Meizu ဟာသူတို့ရဲ့ အသစ်ထပ်မံထုတ်လုပ်မှု့တစ်ခုအဖြစ်ထွက်လာတော့မဲ့ Smart Clock တွေဟာတရုတ်ဆိုဒ်တစ်ခုကနေ ပေါက်ကြားလာပါတယ်။ ဒီဆိုဒ်ရဲ့နံမည်ကတော့ Xiaomi Today လို့အမည်ရတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ Xiaomi Today ဟာသူတို့ရဲ့ website ပေါ်မှာ မီးခိုးရောင်နဲ့ဗူးလေးတစ်ဗူးကို တင်ထားပြီး အထဲမှာပါတဲ့ နာရီရဲ့ design ကိုတော့အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့အခြားသတင်းတွေအရဆိုရင်တော့ သူ့ရဲ့ design ဟာရိုးရှင်းသောသာမာန်နာရီလက်ပတ်ပုံစံလို့သိရပြီး အနက်ရောင်လယ်သာကြိုးကိုအသုံးပြုဖန်တီး ထားတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီသတင်းတွေဟာတော့လတ်တလောမှာ ခိုင်လုံစွာထွက်ပေါ်လာတဲ့သတင်းတွေမဟုတ်သေးတဲ့အတွက် အသေးစိတ်အချက်အလက်များကိုလည်း သေချာစွာမသိရသေးပါဘူး။ ပေါက်ကြားလာတဲ့သတင်းတွေအရ Meizu ဟာ သူတို့အနေနဲ့ smart clock တွေကိုထုတ်လုပ်တော့မှာ ဟုတ် / မဟုတ်ဆိုတာကိုတော့ လာမဲ့ August 10 ရက်နေ့မှာ Meizu ရဲ့ ကုန်စည်ပြပွဲကိုစောင့်ကြည့်သွားရတော့မှာပါပဲ။ အဆင်ပြေပါစေ။ Warmly
The post မကြာခင်ထုတ်လုပ်တော့မဲ့ Meizu smart clock ပုံရိပ် appeared first on Myanmar Mobile App.